အမှုတော်သက်ရှင်စေပြန်ပါကျူး

၁။ သက်ရှင်ပြန်စေမှုတော် သန့်ရှင်းသူ ထံကြွလာ၊

တန်ခိုးတော်နှင့်လူတိုင်းတို့အား ပြောလျှင် နားထောင်စေပါ။

ထပ်ဆို

သက်ရှင်ပြန်စေမှုတော်၊ ရှေ့တော်တွင် ဒူးထောက်စဉ်၊

အိုကျေးဇူးရှင် ဆင်းကြွပြီးသော် ကောင်းချီးပေးပါအလျင်။

၂။ သက်ရှင်ပြန်စေမှုတော် နာမတော် ချီးမြှောက်ပါ၊

လူတိုင်းတို့၏ စိတ်အတွင်းမှာ ကိုယ်တော် ချစ်ခြင်းသွင်းပါ။

၃။ သက်ရှင်ပြန်စေမှုတော် ကောင်းချီးပေး ဟောပြောရာ၊

သန့်ရှင်းနှုတ်ကပတ်တော်ကြားသော် ယုံကြည်ခြင်း ဖြစ်စေပါ။

၄။ သက်ရှင်ပြန်စေမှုတော် ဝိညာဉ်တော် သွန်းလောင်းပါ၊

ကိုယ်တော်မြတ် ဘုန်းထင်ရှားစေသော်၊ ကျွန်ုပ်တို့ ကောင်းချီးခံရ။