ကရာနီကုန်းပေါ် သွန်းကျူး
Verse 1
ကရာနီကုန်းပေါ် သွန်းသော သွေးတော်ဖြင့် ဆေးကြောရန်၊
ကိုယ်တော်ရှင်မြတ်ထံသို့ ခေါ်သော သံတော် ကျွန်ုပ်ကြားရ။
Chorus 1
ကိုယ်တော်ထံလာသည်၊ ယခုပင်လာပြီ၊
သွန်းတော်မူသော သွေးတော်ဖြင့် ဆေးကြော စင်ကြယ်စေပါ။
Verse 2
အားနည်းယုတ်ညံ့သော်လည်း၊ ကိုယ်တော်အားတိုးစေပါ၊
ကိုယ်တော်ကျွန်ုပ်ပြစ်ဆေးကြောသည်၊ ဖြူစင်အောင်ပြုပါလေ။
Verse 3
ယေရှုရှင် ကိုယ်တော်သာ ပြုပြင်စောင့်မမူပေ၊
ကျေးဇူးတော်တပါးမှ တပါး ထပ်ဆင့်ပေးတော်မူလေ။
Verse 4
ယုံကြည် ချစ်ခင်သူကို ဝိညာဉ် သက်သေတော်ပေး၊
ကတိတော်မြတ် ပြည့်စုံစေဖို့၊ ယုံကြည်ခြင်းသာ ကုသိုလ်။