ကျွန်ုပ်သက်ရှင်စဉ်မှားမိခြင်းများကျူး

၁။ ငါသက်ရှင်စဉ် မှားမိခြင်းများလှပြီ၊ စိတ်နှလုံးအပြစ်များပြား၏၊

ငိုခြင်းဖြင့် ဘယ်ရာမမြင်နိုင်၊ သို့သော်ဖွင့်ထား တံခါးခေါက်မည်။

ထပ်ဆို

အားနည်းပြစ်များကြောင့် ငါသိမြင်တိုးတက်၍သာ ဖြစ်လာသည်၊

သို့သော် ကယ်တင်ရှင်ငါ့ကို ဝင်ရန်ခေါ်လျှင်၊ ဖွင့်ထားတံခါး ငါဝင်မည်။

၂။ ကိုယ်တော်ကို ချစ်သူတွင် ငါသည် ယုတ်ဆုံး၊ ဆုတောင်းစဉ်တွင် ငါအားနည်းဆုံး

ခေါ်တော်မူခြင်းကြောင့် ငါလာပြီ၊ ကိုယ်တော်ရှင်လည်း ငြင်းမပယ်ကုန်။

၃။ ငါမှားခြင်းများ ကျေးဇူးတော် ဖုံးအုပ်ထား၊ ငါ၏ ပြစ်စွန်းဆေးတော်မူမည်၊

အားနည်းလဲတတ်သော ခြေသည်လည်း၊ တံခါးတော်တွင် လျှောက်ရလိမ့်မည်။

၄။ ငါ့သက်ရှင်စဉ်မှားမိခြင်းများ လှပြီ၊ ငါ့ဝိညာဉ်ပြစ်ကို ရွံရှာသည်၊

ငိုခြင်းဖြင့် ဘယ်အရာ မမြင်နိုင်၊ သို့သော် ကယ်တင်ရှင် ဝင်စေမည်။