ယေရှုထံသို့လာခြင်းကျူး

၁။ ကားတိုင်သို့ ကျွန်ုပ်လာသည်၊ ဆင်းရဲ မျက်စိကန်း၊ နွမ်းပါး၊

ကောင်းမှုများ အလျင်းမရှိ၊ ကယ်တင်ခြင်းမှန်တွေ့နိုင်ရာ။

ထပ်ဆို

မင်္ဂလာရှိ၊ သိုးသငယ်၊ ကိုယ်တော်ကို ကျွန်ုပ်ကိုးစား၊

ရိုသေစွာ ဉီးညွတ်မှီဝဲ ယေရှု၊ ခု ကယ်တော်မူပါ။

၂။ ကြာကြာ ကျွန်ုပ် ဆိုးအားကြီး၊ ကိုယ်တော်ကို ကျွန်ုပ်အောက်မေ့၊

ယေရှု ချိုသံကြားပါပြီ၊ သင့်အပြစ် ငါ့သွေးနှင့်ဆေး။

၃။ ကိုယ်တော်သည် အပိုင်ယူဖို့၊ မိတ်ဆွေများ အချိန်ဉစ္စာ၊

နာမ်ဝိညာဉ် ကိုယ်ခန္ဓာကို၊ အားလုံးဆက်ကပ် ပူဇော်ပါ။

၄။ ကိုယ်တော်၏ ကတိယုံကြည် သွေးတော်သွန်းအကျိုးဆက်ဆံ၊

စိတ်နှလုံးနှိမ့်ချပါပြီ၊ ယေရှုနှင့် သေခြင်းကို ခံ။

၅။ ရောဂါမျိုးလုံးစုံ ကင်းရှင်း၊ ကျွန်ုပ်ကို စုံလင်စေ၍၊

ကြွလာပြီ၊ ကျွန်ုပ် သခင်၊ ကိုယ်တော်၌ ဘုန်းရှိပါစေ။