တည်ကြည်ခြင်းကျူး

၁။ ဩငါ့ဝိညာဉ် သတိရလေ၊ သင်၏ သစ္စာမြဲမြံပါစေ၊

သေသည်တိုင်အောင် တည်အံ့သောငှာ၊ စောင်မတော်မူပါ၊ အိုဘုရား၊

စောင်မတော်မူပါ၊ အိုဘုရား။

၂။ ဤလောကတွင် ခဏနေစဉ်၊ လူဆိုး၏ လမ်းမသွားမဝင်၊

တည်ကြည်တတ်သော စိတ်ကိုသာလျှင်၊ သွင်းပေးတော်မူ အိုယေရှုရှင်၊

သွင်းပေးတော်မူ၊ အိုယေရှုရှင်။

၃။ ဤလူ့ပြည်မှ စုတေ့သောခါ၊ ခြေတော်ရင်းသို့ ပို့ဆောင်မူပါ၊

မေတ္တာတော်ကို အထံတော်တွင် ခံစားစေတော်မူပါအရှင်၊

ခံစားစေတော်မူပါ အရှင်။