ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါကျူး

Verse 1

ကျွန်ုပ်ခေါ်သံ နားညောင်းလျက် သနားပါ၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ၊

ကျွန်ုပ်စိတ်သည် ကိုယ်တော်ကို တောင့်တလှ၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ။

Chorus 1

တောင်ပေါ်တောင်ကြားကျော်လျက် အိမ်မှဝေးစွာ၊

အကျွန်ုပ်သည် လမ်းလွဲလျက်လာပါ၊

သိုးခြံတွင်းသို့ ယူဆောင်ပို့ပြန်စိမ့်ငှါ၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ။

Verse 2

ညချိန်တည်းခိုရန် ကွယ်ကာရပ်မရှိ၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ၊

ကြည့်တော်မူလျှင် ကျွန်ုပ်အသက်ရှင်မည်၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ။

Verse 3

လမ်းသည် တိတ်ဆိတ်ကျွန်ုပ်လည်း မောပန်း၏၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ၊

ကိုယ်တော်မြတ်ပြုံးခြင်းကို ကျွန်ုပ် မျှော်ကြည့်၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ။

Verse 4

ကျိုးပဲ့ကြေမွနောင်တ စိတ်ကို မပယ်၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ၊

ကျွန်ုပ်၏ ပဌနာ နားညောင်း၊ ကယ်ချွတ်ရှင်ကြီး ဆင်းသက်ပါ။