ကျွန်ုပ်သည် မိတ်ဆွေတွေ့ပြီကျူး

၁။ ကျွန်ုပ်တွေ့ပြီ မိတ်ဆွေတွေ့ပြီ၊ မသိမီ ချစ်တော်မူ၏၊

မေတ္တာတော်ကြိုးနှင့် သွေးဆောင်သည်၊ ထိုကြိုးဖြင့် ချည်နှောင်ဆောင်၏၊

ကျွန်ုပ်၏ နှလုံးကို ပတ်စည်း၊ ဘယ်သူမှ မဖြည်နိုင်ပြီ၊

ကိုယ်တော်အကျွန်ုပ်အား ပိုင်သ၊ အစဉ်မပြတ် ထာဝရ။

၂။ ကျွန်ုပ်တွေ့ပြီ မိတ်ဆွေတွေ့ပြီ၊ ကယ်ရန်သေခံ သွေးသွန်း၏၊

အသက်ရေကို ပေးသည်အပြင်၊ ကိုယ်တော်တိုင်ကို ပေးမူလျှင်၊

ကျွန်ုပ်ပိုင်ရာ ဘာမျှမရှိ၊ ကိုယ်တော်နှင့်သာ ဆိုင်သတည်း၊

နှလုံးခွန်အား အသက်ဉစ္စာ၊ ကိုယ်တော်စဉ်လျှင် ပိုင်မူပါ။

၃။ ကျွန်ုပ်တွေ့ပြီ မိတ်ဆွေတွေ့ပြီ၊ ဘုန်းတန်ခိုးလုံးစုံရှိသည်၊

ကောင်းကင်လမ်းကို လျှောက်သွားစဉ်ခါ၊ အိမ်တော်သို့ ပို့မည်မှန်ပါ၊

ထာဝရ ဘုန်းတော်ရပ်ဝေးမှ အားပေးလျက် ထွန်းတောက်နေပါ၊

ယခုစောင့်လျက် လုပ်ဆောင်၊ တိုက်နေ၊ နောက်နောင် ငြိမ်သက်စံရချေ။

၄။ ကျွန်ုပ်တွေ့ပြီ မိတ်ဆွေတွေ့ပြီ၊ ကြင်နာချစ်ခင် သိမ်မွေ့သည်၊

အကြံပေးလမ်းပြရန် စွမ်းပေ၊ ကွယ်ကာရန် တန်ခိုးကြီးလေ၊

ထိုမျှချစ်သော အရှင်ထံမှ၊ ခွဲနိုင်တန်ခိုးမရှိပါ၊

အသက်သေခြင်း ငရဲ လောကဘယ်ရာမျှ မခွဲနိုင်ကြ။