မြဲတည်ကျောက်ကျူး

၁။ မြဲတည်ကျောက် ကျွန်ုပ်ဖို့ကွဲ၊ ခိုပါစေ၊ ကိုယ်တော်အထဲ

နံတော်ထဲက စီးရေသွေး၊ ပြစ်အနာကို ငြိမ်းစေရေ၊

ပြစ်ဖြေရှင်း နှလုံးဆေးကြော၊ ကုန်စင်ကယ်တင်ပါစေသော။

၂။ မျက်ရည်များ အစဉ်ယိုစေ၊ စိတ်အားကြီး မလျော့မရွေ့၊

ဤမျှပင် အပြစ်မလွတ်၊ ကိုယ်တော်သာ သနားကယ်ချွတ်၊

လက်တော်၌ အဖိုးမပါ၊ တိုင်တော်ရင်းသာ ချဉ်းကပ်ပါ။

၃။ ထွက်သက်ဝင်သက် ရှူစဉ်တွင် မျက်စိသေလျက် စုတေ့လျှင်၊

မြင့်ရွှေဘုံသို့ ပြန်တက်ကြွ၊ ဖြူပလ္လင်တော်သာ သနားကယ်ချွတ်၊

မြဲတည်ကျောက် ကျွန်ုပ်ဖို့ကွဲ၊ ခိုပါစေ၊ ကိုယ်တော်အထဲ။