ကိုယ်တော်အလိုအတိုင်းကျူး

Verse 1

ယေရှုကိုယ်တော်အလို ကျွန်ုပ်အလို ဖြစ်စေ၊

ချစ်ခြင်းလက်တော်ထဲသို့၊ ကျွန်ုပ်ကိုယ်ကို အပ်ပေး၊

ဝမ်းနည်း၊ ဝမ်းမြောက်စဉ်ခါ၊ ကျွန်ုပ်ကို လမ်းပြပါ၊

ကိုယ်တော်အလိုတော်သာ ဖြစ်စေ၊ ဆိုနိုင်စေပါ။

Verse 2

ယေရှုကိုယ်တော်အလို ငိုလျက် ဝန်ခံရလျှင်၊

ကျွန်ုပ်မျှော်လင့်ကြယ်သည် မှိန်၍ မကွယ်စေနှင့်၊

ကိုယ်တော်မြေပေါ် ငိုကြွေး၊ တစ်ယောက်တည်း ဝမ်းနည်းပေ၊

ကျွန်ုပ်ငိုကြွေးရလျှင် အလိုတော်ဖြစ်စေချင်။

Verse 3

ယေရှုကိုယ်တော်အလို ကျွန်ုပ်ဖို့ ကောင်းလှ၏၊

နောက်နောင်ဖြစ်လေသမျှ၊ ကိုယ်တော်ကို ယုံပါမည်၊

ကောင်းကင်ထက် အိမ်တော်သို့ ငြိမ်သက်စွာ တက်သွားလို၊

ကိုယ်တော်အလို ဖြစ်စေအစဉ် သီချင်းကျူးအေး