ကယ်တင်ပိုင်ရှင် ဝင်ပါကျူး

Verse 1

ဧည့်သည် တံခါးမှာ စောင့်နေ၊ ဝင်ပါစေ၊

ကြိမ်ဖန်များစွာ လာခဲ့ပြီ၊ ဝင်ပါစေ၊

မသွားမီ ဝင်ဖို့ ခွင့်ပေး၊ သန့်ရှင်းကိုယ်တော်မြတ်ဝင်စေ၊

ခမည်းတော်၏ သားတော်ကို ဝင်ပါစေ။

Verse 2

ခုဝိညာဉ်တံခါးဖွင့်လော့၊ ဝင်ပါစေ၊

ဆိုင်းလျှင် သွားတော်မူလိမ့်မည်၊ ဝင်ပါစေ၊

မိတ်ဆွေစစ်ဖြစ်တော်မူ၍ သင့်ဝိညာဉ်ကို စောင်မသော

ကယ်တင်ရှင်ဖြစ်တော်မူ၏၊ ဝင်ပါစေ။

Verse 3

ချိုသာလှသံကြားသလား၊ ဝင်ပါစေ၊

ယနေ့တွင်ပင် လက်ခံလော့၊ ဝင်ပါစေ၊

တံခါးပြင်မှာ ရပ်နေသည်၊ ဝမ်းသာခြင်း တိုးတက်စေမည်၊

နာမတော်ကို ရိုသေသော်၊ ဝင်ပါစေ။

Verse 4

ယခုကောင်းကင်မှ ဧည့်သည်၊ ဝင်ပါစေ၊

ကောင်းကင်မုန့်ကို ကျွေးလိမ့်မည်၊ ဝင်ပါစေ၊

သင့်အပြစ်များကို လွှတ်မည်၊ လောကမှ စုတေ့သောခါ၊

ကောင်းကင်သို့ ပို့ရန်ကြွလာ၊ ဝင်ပါစေ။