ကယ်တင်ရာလမ်းကျူး

Verse 1

အပြစ်အလွန်များပြားသောကြောင့်၊ ပင်ပန်းသော သူတို့သည်

အပြစ်မှ ကင်း၊ ငရဲလွတ်အောင် အဘယ်သို့ ပြုမည်နည်း၊ အဘယ်သို့ ပြုမည်နည်း။

Verse 2

အသီးအနှံ၊ နံ့သာမျိုးမျိုး၊ ရွှေငွေအစရှိသော

လူတို့ စုံမက်သော ဉစ္စာကို ပူဇော်ကြရမည်လော၊

ပူဇော်ကြရမည်လော။

Verse 3

ထိုသို့ ပူဇော်လျှင်၊ ရှေ့တော်မှာ အကျိုးအလျင်း မရှိ၊

ကိုယ်စိတ်နှလုံးကို လှူမှသာ နှစ်သက်တော်မူသတည်း၊

နှစ်သက်တော်မူသတည်း။

Verse 4

လူတို့အပြစ်ဖြေ ပိုင်သောသူ တပါးတည်းသာ ထွန်းပေါ်၊

ဘုရားသားတော် သခင်ယေရှု မှီဝဲဆည်းကပ်ကြလော့၊

မှီဝဲဆည်းကပ်ကြလော့။