ယေရှုကို ကြည့်ပါကျူး

၁။ ပြစ်နှိပ်စက်ခြင်းခံသူ ယေရှုကို ကြည့်ပါ၊

သင့်တွက် ကိုယ်တော်သေခံ ထံတော်ငြိမ်းရာရှာ၊

သင်၏ ဝမ်းနည်းခြင်းနှင့် ပြစ်ကို ဆောင်ယူပြီ၊

ယေရှုကိုသာ ကြည့်ပါ၊ ကိုယ်တော်ကို ယုံကြည်။

၂။ စစ်ပွဲတွင် တိုက်သူရဲ ယေရှုကို ကြည့်ပါ၊

စစ်ပွဲ ထူထပ်လာလျှင် စစ်တန်ဆာဆင်ပါ၊

ရန်သူများပြားလှ၍ သင်အားနည်းသော်လည်း၊

ယေရှုကိုသာ ကြည့်ပါ၊ ကိုယ်တော် အောင်လိမ့်မည်။

၃။ ပူပန်ဒုက္ခခံစဉ်၊ ယေရှုကို ကြည့်ပါ၊

မကြာခင် ခြေတော်ရင်းရောက်မည် နားနေရာ၊

ဧည့်သည်များကို ဖိတ်ထား၊ ပွဲသို့ လာအံ့ငှါ၊

ယေရှုကိုသာ ကြည့်ပါ၊ ခြေတော်ရာ လျှောက်သွား။

၄။ ထာဝရပွဲတော်မှာ သန့်ရှင်းသူများသည်၊

သီချင်းဆိုကြသောခါ သင်လည်း ဆိုရမည်၊

ဖန်ရေကန်တော်နားမှာ ဘုန်းတော်တွင် ခံစား၊

ယေရှုကိုသာ ကြည့်ပါ၊ ထာဝရကာလ။