ခေါ်ဖိတ်တော်မူခြင်းကျူး

၁။ ပြောင်းလဲလော့၊ ပြောင်းလဲလော့၊ အပြစ်ရှိသူအော်၊

အဘယ်ကြောင့် သေဘေးသို့ အသွားမြန်သနည်း၊

ဘုရားမဲ့ တရားမဲ့၊ အစဉ်နေအံ့လော၊

အပြစ်မှ မကင်းသော် အရှုံးခံသတည်း။

၂။ ပြောင်းလဲလော့၊ ပြောင်းလဲလော့၊ စိတ်ပြောင်းလဲရမည်၊

အကြွင်းမဲ့ စိတ်အားဖြင့် ယေရှုကို ယုံကြည်၊

အထံတော်သို့ တိုးဝင် ကယ်ပါဟု ဆုတောင်း၊

သို့တောင်းလျှင် မှန်ရမည် အိုတောင်းပါ၊ ရအောင်။

၃။ ကိုယ်ကောင်းမှု ကိုယ်ကုသိုလ်ပယ်ငြင်း ကြလုံးစုံ၊

ကယ်တင်တော်မူခြင်းကို တခါစမ်းပါအုံး၊

သို့စမ်းလျှင် စိတ်ထဲ၌ စိတ်အေးလှတကား၊

အမြဲစိတ်ပူကင်းလေ အမြဲပျော်မွေ့ပါ။

၄။ ဝန်လေး၍ ပင်ပန်းသူ ငါ့ထံသို့ ပြောင်းလော့၊

ယေရှုရှင်ခေါ်ဖိတ်သံကို နာခံစေပါ၊

မဆိုင်းပဲ မနှေးပဲ၊ အိုပြောင်းလဲပါလေ၊

အသက်နေ့ ယနေ့ပင် ခုပြောင်းလဲပါစေ။