ထမြောက်တော်မူခြင်းကျူး
၁။ ဤလောကကို ကယ်တင်သောငှါ၊ ကျေးဇူးရှင်ကြီး သင်္ချိုင်းတော်မှ
ကိုယ်တိုင်ထမြောက်ပါပြီ၊ သေဘေးငရဲဘေးမှ လွတ်ကင်း
သေမင်းတန်ခိုပယ်တော်မူလျှင်၊ အစဉ်လွတ်တော်မူ၏။
၂။ သေမင်းတန်ခိုးအောင်တော်မူလျှင်၊ လောကသားဖို့ ကယ်တင်မူခြင်း၊
ဝေငှလျက်နေမူ၏၊ နောက်တော်သို့လိုက်၊ သန့်ရှင်းသူပင်၊
နေရာဘုံမြတ် ပြုပြင်၊ ပြင်ဆင်၊ ခုနေတော်မူပေတည်း။