မေတ္တာတော်ကျူး

၁။ ဩဒဏ်ရာပါ ဉီးခေါင်းတော်၊ ဝမ်းနည်းလျက် ညွတ်တော်မူ၊

ကဲ့ရဲ့စေရန် ပတ်စည်းသော ဆူးရစ်သရဖူ၊

ဩဉီးခေါင်းတော်အထွက်က၊ ဘုန်းတော်အလွန်ကြီးသည်၊

သွေးဖြင့် လူးရှုတ်ချခံငြား၊ ကျွန်ုပ်သခင်ခေါ်မည်။

၂။ ကိုယ်တော်ရှင်ခံလေ သမျှ၊ ပြစ်ရှိသူတို့သာလျှင်၊

အပြစ်အကျွန်ုပ်ဆိုင်ရာ ကိုယ်တော်မှာ သေရခြင်း၊

ကယ်တင်ရှင် ကျွန်ုပ်ဉီးချ၊ ကျွန်ုပ်သာခံထိုက်စွာ၊

မေတ္တာတော် သက်ရောက်စေပါ၊ ကျေးဇူးတော် ပေးသနား။

၃။ ဝမ်းမြောက်ခြင်းအားလုံးတို့တွင်၊ အမြတ်ဆုံးကို ဆိုမည်၊

ချိုးဖဲ့သော ကိုယ်တော်၌ပင် လုံစွာ ကျွန်ုပ်မှီခို၊

ကျွန်ုပ်သည်ကား အသက်ရှင် ဘုန်းတော်ကို ရှုအံ့ငှာ၊

လက်ဝါးကပ်တိုင်းတော်ပါးတွင်၊ အသက်ကို ထွက်စေပါ။

၄။ ကိုယ်တော်ခံရသော ဒုက္ခ၊ ကရုဏာတုမရှိ၊

အဘယ်သို့ ကျေးဇူးတော်များ၊ ဆပ်ပေးနိုင်ပါမည်နည်း၊

ကိုယ်တော်၏ ကျွန်ဖြစ်စေပါ၊ အားနည်းသော ခါတွင်လည်း၊

ကျွန်ုပ်၏ ချစ်ခြင်းမေတွတာတည်စေပါ စဉ်အမြဲ။

၅။ စုတေ့ရသောအချိန်တွင် ကားတိုင်တော်ပြမူပါ၊

သေဘေးဝေဒနာခံခြင်း၊ ငြိမ်းစေပါဘုရား၊

စက္ခုဒွါရပြောင်းလဲကာ၊ ယေရှုထံမှာ မြဲတည်၊

ယုံကြည်လျက် သေသောသူမှာ မေတ္တာတော် ခိုလှုံ၏။