ကိုယ်တော်ကို ဘယ်လောက် ချစ်လိမ့်ကျူး

Verse 1

သိုးခြံတော်မှ ဝေးစွာ ထွက်ခွာ၍၊ ပြစ်မှောင်မိုက်တွင် ကျင်လည်သူများတို့

ပြော၍မကုန်နိုင်သော ခရစ်တော်၏ မေတ္တာတော်အကြောင်း နားထောင်ပါ

Chorus 1

အိုသင့်ကို ကယ်ရန် သေခံရှင်အား သိလျှင်

သင်ဘယ်လောက် ချစ်လိမ့်မည်နည်း၊ ချစ်လိမ့်မည်နည်း၊

ကားတိုင်ပေါ်တွင် သင်နှင့် ကျွန်ုပ်တွက်၊ သက်တော်မြတ်ကို စွန့်ရှာပြီ

Verse 2

သင်ဆုတောင်းခြင်းဖြင့် စဉ်ရနိုင်သော ငြိမ်သက်ခြင်းနှင့် ပြစ်လွှတ်ခြင်းရှာပါ၊

ဒူးထောက်၍ သင့်ပြစ်လွှတ်ရန် တောင်းပန်၊ ခရစ်တော် သင့်ကို စောင့်လျက်နေသည်

Verse 3

ပြော၍ မကုန်တည်ကြည် သိမ်မွေ့သော မေတ္တာတော်ကို သင်သိအပ်ပေသည်၊

လာ၍ မေတ္တာတော်ရိပ် ခိုလှုံပါ၊ ခရစ်တော် သင့်ကို ဧကန်ချစ်သည်

Verse 4

ခရစ်တော်၏ မြတ်သော မေတ္တာတော်ကို မမြည်းစမ်းလျှင်၊ သိရန် ခက်ခဲလှ၊

သင်ပြစ်မှ လွှတ်ခြင်းခွင့်မရမီ၊ မေတ္တာတော်မြတ်ကြောင်း မသိနိုင်