နှလုံးကြေကွဲကျူး

၁။ ကျောက်နှလုံးကြေကွဲ ကြေကွဲ ရှင်ယေရှုလက်ဝါးကပ်ကြည့်၊

ခေါင်းတော်ပေါက် နံပါးတော်ပြဲ၊ ကိုယ်တော်လုံး အသွေးလူး၏၊

ပြစ်ရှိသူဘာပြုမည်နည်း၊ သားတော်ရှင် သင်သတ်ခဲ့ပြီ။

၂။ မှန်ပေ၏၊ ငါတို့အပြစ် သံချွန်များ ရိုက်ထားသတည်း၊

ဆူးနှင့်ခေါင်းတော်ကို ပတ်ရစ်၊ နံတော်လှံနှင့် ထိုးဖောက်၏၊

ပြစ်ရှိသူမျိုးမျိုးအတွက်၊ ယဇ်ပူဇော် ကိုယ်တော်အသက်။

၃။ ထပ်မံပြအောင် အားထုတ်လျှင် ဒဏ်ရာတော်အသစ် ပွင့်သော်၊

သွေးတော်မြတ်ပယ်ရှားကျော်နင်း၊ ကိုယ်တော်ကို သတ်ဉီးမည်လော၊

အိုမဟုတ် ငါနောင်တရ၊ ကျေးဇူးရှင် လက်ခံသနား။