ကားတိုင်မှာကျူး
Verse 1
ကိုယ်တော်ဝန်ခံ မှုတော်ဆောင်ရွက်၊ ကျွန်ုပ်အလင်းမရှာ၊
နှုတ်ကပတ်တော် ချီးမွမ်းမြှောက်စား တိုင်တော်မြတ် ဝါကြွားရာ၊
Chorus 1
တိုင်တော်တွင်၊ တိုင်တော်တွင် ပဌမ အလင်းမြင်၊
ကျွန်ုပ်နှလုံးမှ ဝန်ထုပ် လိမ့်သွား၏၊
ထိုမှာ ယုံခြင်းဖြင့် အလင်းကို မြင်သည်၊
ယခု တနေ့လုံး ဝမ်းမြောက်လျက်ရှိ
Verse 2
ယေရှုနာမတော်မြတ်သိ၏၊ ထိုနာမကို ယုံကြည်၊
ကျွန်ုပ် ဝိညာဉ်ရှက်ခြင်းကင်းစေ၊ မျှော်လင့်ခြင်းလည်း တည်စေ
Verse 3
ပလ္လင်တော်မြတ် ခိုင်ခံ့သည်နည်း၊ ဂတိတော်မြတ်တည်၏၊
လက်တော်ထဲမှာ အပ်ထားသမျှ၊ ကိုယ်တော် စောင့်ထိန်းနိုင်ပါ
Verse 4
ခမည်းတော်ရှင် မျက်မှောက်တော်တွင်၊ ကျွန်ုပ်ကို ဝန်ခံမည်၊
ယေရုရှလင်မြို့တော်သစ်မှာ၊ ကျွန်ုပ်နေရာ ပြင်ထား