ကားတိုင်လမ်းဖြင့် အိမ်သို့ ရောက်ကျူး

Verse 1

ကားတိုင်လမ်းဖြင့်သာ အိမ်သို့ ပြန်ရောက်နိုင်သည်၊

သည့်ပြင်အခြားလမ်းမရှိ၊ ရွှေမြို့တော်တံခါး ရှုမြင်စိမ့်သောငှာ၊

ကားတိုင်လမ်းအားဖြင့်သာ လျှောက်သွား။

Chorus 1

ကားတိုင်လမ်းဖြင့် အိမ်ရောက်သည်

ကားတိုင်လမ်းဖြင့် အိမ်ရောက်သည်၊

ကားတိုင်လမ်းအကြောင်း သိဖို့ရန်လွန်ကောင်း၊

ကားတိုင်လမ်းဖြင့် အိမ်ရောက်သည်။

Verse 2

ကယ်တင်ရှင် လျှောက်ရာ ထိုလမ်းမှာ သွေးစက်ရှိ၊

ထိုလမ်းကိုပင် လျှောက်ရမည်၊ ထက်ကောင်းကင်ဘုံမှာ ဝိညာဉ်စံဖို့ရာ

ထိုလမ်းကို မလွဲပဲ လျှောက်ပါ။

Verse 3

အိမ်ပြန်ရန် ကျွန်ုပ် သခင်သည် ခေါ်သောခါ၊

လောကီလမ်းကို စွန့်ထွက်လာ၊

ထို့ကြောင့်ထိုလမ်းမှာ ခုမလျှောက်လိုပါ၊

ကိုယ်တော်သည် အိမ်ဝမှာ စောင့်ရှာ၊