ကိုယ်တော်ကို ချစ်ပါ၏ကျူး

Verse 1

လောကီပျော်မွေ့ခြင်းများ ကွယ်ပျောက်လေပြီ၊

ကျွန်ုပ်၏ ပြစ်များနှင့် ကြောက်ဖွယ်ရာများ၊

ကျေးဇူးတော်ကြောင့် ကွယ်ပျောက်ကြောင်း သိရပြီ၊

ယေရှုသွေးတော်မြတ်ဖြင့် မိုးပွင့်လို ဖြူစေပြီ

Chorus 1

ကိုယ်တော်ကို ချစ်ပါ၏၊

ကိုယ်တော် ဦ်းစွာချစ်၍ ကားတိုင်ပေါ်တွင်

ကျွန်ုပ်ကို ကယ်သောကြောင့်ပေတည်း

Verse 2

ရှေးကပြစ်၌ နစ်မွန်းဆုံးရှုံးလေပြီ၊

ယုံမှားခြင်းနှင့် ကြောက်ခြင်းလည်း ရှိခဲ့ပြီ၊

မေတ္တာရှင် ဘုရားကိုးစားရန် ကြောက်၏၊

သို့သော်၊ ယေရှုသွေးတော်ဖြင့် ပြစ်ဆေးကြောပြီ

Verse 3

ချည်နှောင်ခြင်းခံရသော်လည်း ခုလွတ်ပြီ၊

ကန်းသော မျက်စိယခု အလင်းမြင်ပြီ၊

ပြစ်၌သေ၏၊ ခရစ်တော်၌ ရှင်ပြန်ပြီ၊

ကိုယ်တော်သာပေးနိုင်သော ငြိမ်သက်ခြင်း ကြော်ငြာမည်