ချီးမြှောက်ကျူး

၁။ ကယ်တင်ပိုင်ရှင်၌ ထွန်းတောက်သော၊

အစိန္တေယျဂုဏ်ရောင်ခြည်တော်၊ သင့်လျော်ကြွေးကြော်နိုင်လျှင်၊

ငါကောင်းကင်သို့ပျု၊ စောင်းတီးလေ၊ ထူးဆန်းရင့်ညောင်းသံများ ဆို၍၊

ဂါဗြေလနှင့် ပြိုင်ချင်၊ ဂါဗြေလနှင့် ပြိုင်ချင်။

၂။ အပြစ်တရား ရွေးရအောင်၊ ယေရှုအသွေးတော်မြတ် သွန်းလောင်း

ဘုရားအမျက်တော်ငြိမ်း၊ ငါခိုလှုံဖို့ ချုံရန်ဖြစ်သော၊ အတုမရှိ ကုသိုလ်ဘုန်းတော်

သီချင်းဆို အေးကျူးချိမ့်၊ သီချင်းဆို အေးကျူးချိမ့်။

၃။ မြင့်ကောင်းကင်ဘုံ ပလ္လင်တော်ပေါ်၊ ထိုင်၍ စိုးစံနေတော်မူသော

ခရစ်တော်မေတ္တာကို၊ အလွန်ချိုသာအေးကျူးသံနှင့်၊ ချီးမွမ်းလို၏၊ ကာလအစဉ်၊

သီကျူးရင့်ကြွေးလျက်ဆို၊ သီကျူးရင့်ကြွေးလျက်ဆို။

၄။ ရွှင်လန်းဖွယ်ရာ ရွှေမျက်နှာတော်၊ ဖူးမြင်ခွင့်ပေး သခင်ကခေါ်၊

ထိုနေ့ရက်မှန် ရောက်မည်၊ ကျေးဇူးတော်ကြောင့် အောင်ဆုကိုရ၊

ထံတော်ပါးတွင် ချမ်းသာသုခ၊ အစဉ်ခံစားအံ့တည်း၊ အစဉ်ခံစားအံ့တည်း။