ကောင်းဆုံးမိတ်ဆွေကျူး

Verse 1

ယေရှုသည် ကောင်းဆုံးမိတ်ဆွေတည်း၊ ရွှင်လန်းသက်ရှင်စေသည်။

နေ့စဉ်သက်တာ ခွန်အားပြည့်ဝ၊ ကိုယ်တော်ပါမှ ပြီးရာ၊

ဝမ်းနည်းသောခါ၊ ထံတော်ချဉ်းကပ် အခြားမိတ်ဆွေမကယ်နိုင်ပါ၊

ကိုယ်တော်ရှင်သာ ဝမ်းမြောက်စေသည်၊ မိတ်ဆွေတည်း

Verse 2

ယေရှုသည် ကောင်းဆုံးမိတ်ဆွေတည်း၊ ဒုက္ခရောက်စဉ်မသည်၊

ကောင်းချီးခံရန် ဆုတောင်းချဉ်းကပ်၊ ထပ်မံ၍ ပေးဉီးမည်၊

နေအလင်းနှင့် မိုးရေကိုပေး၊ စပါးသီးနှံ ကြွယ်ဝစွာကျွေး၊

နေလင်းမိုးရေ၊ စပါးပေးသည်၊ မိတ်ဆွေတည်း

Verse 3

ယေရှုသည် ကောင်းဆုံးမိတ်ဆွေတည်း၊ ကျွန်ုပ်အမှန်ချစ်သည်၊

ဤမျှချစ်သော မိတ်ဆွေစစ်ကို ဘယ်ခါမျှ မပယ်လို၊

လမ်းမှန်လျှောက်ရန် ကိုယ်တော်နောက်လိုက်၊ နေ့ညမပြတ် စောင့်ရှောက်စဉ်ခိုက်၊

နောက်တော်သို့လိုက်၊ အစဉ်တစိုက် မိတ်ဆွေတည်း

Verse 4

ယေရှုသည် ကောင်းဆုံးမိတ်ဆွေတည်း၊ ခြားမိတ်တွေမလိုပြီ၊

ကိုယ်တော်ကိုသာ ယုံကြည်အားကိုး၊ အသက်ဆုံးသည်တိုင်အောင်၊

ကောင်းဆုံးမိတ်ဆွေနှင့် စဉ်ပျော်နေ၊ ထိုအသက်တာ မဆုံးနိုင်လေ၊

ထာဝရသက်၊ ဝမ်းမြောက်စဉ်ဆက် မိတ်ဆွေတည်း