သိုးသငယ်တော်ကျူး

၁။ ယုဒပူဇော်သက္ကာ ယဇ်ကောင်မျိုးမျိုးအသွေး၊

အပြစ်မှ လွတ်၊ စိတ်ငြိမ်းစိမ့်ငှါ၊ အလျှင်းမတတ်နိုင်လေ။

၂။ သိုးငယ်ခရစ်တော်ကား၊ ထိုယဇ်များထက် ထူးမြတ်၊

သွေးတော်အဖိုး၊ အလွန်ထိုက်စွာ၊ အပြစ်ခပ်သိမ်းလွှတ်တတ်။

၃။ အကျွန်ုပ်ယုံပါ၏၊ မြတ်ခေါင်းတော်၌ လက်တင်၊

နောင်တရလျက် အပြစ်ရှိရှိ ဝန်ချပါ၏ သခင်။

၄။ လက်ဝါးကပ်တိုင်အပေါ်၊ ကိုယ်တော်ခံသော ပြစ်ဒဏ်၊

အကျွန်ုပ်အောက်မေ့ဆင်ခြင်သော်၊ ကျွန်ုပ်အတွက် ထင့်ဝံ့။

၅။ အိုကောင်းကင်ယဇ်၊ သိုးငယ်၊ ယုံကြည်သူ ကျွတ်ရာသည်၊

ကျွန်ုပ်မြင်သော်၊ စိတ်ငြိမ် ကိုးကွယ် မေတ္တာတော် ချီးမွမ်း၏။ အာမင်