ယေရှုရှင်ကို ချီးမွမ်းမည်ကျူး

၁။ ယေရှုရှင်ကို ချီးမွမ်းမည်၊ ကရုဏာတော်ကြီးပေ၊

ကောင်းကြီးမျိုးမျိုး ချပေးသည်၊ ချီးမွမ်းဆိုခွင့် ဖြစ်ပေ၊

ယေရှုရှင်ကို ချီးမွမ်းမည်၊ သိုးသငယ်တော်မြတ်တည်း၊

ရွေးနုတ်မူလိုသေခံသည်၊ သွေးတော်နှင့် ဝယ်ယူပြီ။

၂။ ယေရှုရှင်ကို ချီးမွမ်းမည်၊ ခြေတော်ရင်းမှာ ထိုင်စဉ်၊

ကျေးဇူးတော်များ အောက်မေ့မည်၊ ဆင်ခြင်စဉ်းစားစဉ်တွင်၊

ယေရှုရှင်ကို ချီးမွမ်းမည်၊ ဘယ်သို့ဖြစ်သည်မဆို၊

ကယ်တင်ကျေးဇူးကျူးအေးမည်၊ ကိုယ်တော်ပါးထားသည်ကို။

၃။ ယေရှုရှင်ကို ချီးမွမ်းမည်၊ လမ်းခရီးတွင် လျှောက်စဉ်၊

သာယာနေ့တော် တွေ့ရမည်၊ မင်္ဂလာဘုံရောက်လျှင်၊

တင့်တယ်ဧဒင်တံခါးသို့၊ ကျွန်ုပ် ဝိညာဉ်ဝင်လျှင်၊

ချီးမွမ်းသီချင်းစဉ်မြွက်ဆို၊ သခင်ယေရှုဖို့ပင်။