ယေရှုကြွေးဆပ်ပြီကျူး

၁။ ငါပြုရာကျင့်ရာတရား အလျင်းမရှိကုန်ပြီ၊

မြတ်ယေရှုရှင်၊ ငါ့ဖို့ပင်၊ ပြစ်ကြွေးဆပ်တော်မူပြီ။

ထပ်ဆို

ယေရှုကြွေးဆပ်ပြီ၊ ရှိသမျှပြေပြီ၊

ယေရှုရှင် ချွတ်ပိုင်သခင်၊ ငါကြွေးအကုန်ဆပ်ပြီ။ (အာမင်)

၂။ ကောင်းကင်ဘုံမှ ဆင်းသက်လျှင်၊ ငါ့ကြောင့်ခံတော်မူရာ၊

တိုင်တော်ပေါ်တွင် ခံနေစဉ်၊ အမှုပြီးပြီကျေငြာ။

၃။ အိုဝန်လေးပင်ပန်းသောသူ၊ အဘယ်သို့ လုပ်ကြံနည်း၊

သင့်တွက်ဝင်သူ၊ ယေရှုအကုန်ခံတော်မူပြီ။

၄။ ရှင်ယေရှုခံတော်မူခြင်း၊ သင်ယုံကြည်ကိုးမှသာ၊

ကြွေးမှကင်း ကျေးဇူးခံလျှင်၊ ရှင်ယေရှု၌ ငြိမ်းရာ။

၅။ ကိုယ်ကျင့်တို့ကို ပယ်ပါလေ၊ ခြေတော်ရင်းမှာပယ်ရှား၊

ကိုယ်တော်ပင် စုံလင်ရာချေ၊ ရှင်ယေရှုသာ ကိုးပါ။