စဉ်မပြတ်ချီးမွမ်းခြင်းကျူး

၁။ စဉ်မပြတ်သီချင်းဆိုချင်လေ၊ မျက်ရည်များသုတ်ခမ်းပြီ၊

ယေရှုရှင် ငါ့မိတ်ဆွေဖြစ်ပေ၊ နေ့တိုင်းမှုတော် ဆောင်မည်။

ထပ်ဆို

ချီးမွမ်းမည်၊ ချီးမွမ်း စဉ်မပြတ်ဆိုမည်၊

ချီးမွမ်း၊ ချီးမွမ်း စဉ်မပြတ်ချီးမွမ်းမည်။

၂။ ငါ့ပြစ်တွက်တာ တိုင်ပေါ်ဆွဲခြင်း ကိုယ်တော်ခံငါ မြင်လျှင်၊

ငါ၏ မျက်ရည်စီးကျ ယိုဆင်းခုဖြင့် သီချင်းဆိုမည်။

၃။ စုံစမ်းနှောက်ယှက်ခံရသောခါ၊ ငါသည် သီချင်းဆိုမည်၊

တခါတရံ မျက်ရည်ကျလာစဉ် သီချင်းကို ဆိုမည်။

၄။ အံ့ဖွယ်သိုးသငယ် အကြောင်းကို လူတိုင်းတို့အား ပြောဆို၊

ကြားသူတိုင်း ထိုသီချင်းသစ်ကို စဉ်မပြတ် ချီးမွမ်းဆို။