သမားတော်ကြီးကျူး

၁။ သမားတော်ကြီး သင့်နားနီးသည်၊ ကြင်နာသော ယေရှုရှင်ပေ၊

ညိုးနွမ်းစိတ်ကို ဝမ်းမြောက်စေ၏၊ ယေရှုခေါ်သံနားထောင်လေ။

ထပ်ဆို

ကောင်းကင်သား ချီးမွမ်းမြွက်ဆို၊ နာမတော်မြတ်ကို အေးကျူး၊

ဆိုရာသီချင်း လွန်သာချို၊ မင်္ဂလာရှိ ယေရှု။

၂။ သင်၏ ပြစ်များ ဖြေလွှတ်ဆေးကြော၊ ခေါ်သံတော်မြတ်ကို နားထောင်၊

ကောင်းကင်လမ်းငြိမ်သက်စွာ သွားလော့၊ ယေရှုနှင့် သရဖူဆောင်း။

၃။ ထမြောက်သိုးငယ်ဘုန်းကြီးစေသော ယေရှုကို ကျွန်ုပ် ယုံကြည်၊

ကယ်ချွတ်ပိုင်ရှင်၏ နာမတော် ကျွန်ုပ် အလွန်မြတ်နိုး၏။

၄။ ယေရှုရှင်ကို ဖူးမြင်အံ့ငှာ၊ ထက်ကောင်းကင်သို့ တက်သောခါ၊

မေတ္တာပလ္လင်တော်နား ဝိုင်းလာ၊ ချီးမြှောက်ဆိုမည် မြတ်နာမ။