ကယ်တင်ခြင်းရွှင်လန်းဖွယ်ကျူး

Verse 1

အိုကယ်တင်ခြင်း ရွှင်လန်းဖွယ်သံ၊ ငါ့နား၌ ချိုလှလေ၊

ဒဏ်ချက်မျိုးစုံ ကွယ်ပျောက်စေရန် ကုတတ်သော ဆေးဖြစ်ပေ။

Verse 2

ဆင်းရဲခြင်း၌ နစ်မြုပ်သောခါ၊ ငရဲတွင်းဝနားတွင်၊

ကျေးဇူးတော်ကြောင့် ထမြောက်လေရာ၊ အလင်းတော်သို့ ကူးဝင်။

Verse 3

အိုကယ်တင်ခြင်း ကမ္ဘာပတ်ဝန်း ပဲ့တင်ဟီးသံခတ်တုန်၊

ကောင်းကင်ဗိုလ်ခြေ ပြိုင်လျက် ချီးမွမ်း ကျေးဇူးတော် မြှောက်ကြကုန်။

Verse 4

မြတ်ကယ်တင်ခြင်း၊ အိုသိုးသငယ်၊ အသွေးတော်ဖြင့် တည်ပေ၊

ကိုယ်တော်သာလျှင် ချီးမွမ်းခံဖွယ် မဆုံး ချီးမွမ်းလိုလေ။ (အာမင်)