ကယ်တင်တော်ကျူး
Verse 1
တုပြိုင်ဘက်သူမရှိ မပေါ်၊ တန်ခိုးမြတ်လွန် ကြီးစွာ၊
မြတ်ထာ၀ရဘုရားရှင်ကို သံပြိုင်အေးကျူးကုန်ပါ။
Verse 2
အံ့ဖွယ်ခပ်သိမ်း၊ အရာတို့ကို ပြုတော်မူလေခဲ့ပြီ၊
မြတ်ကိုယ်တော်၏ ညာလက်ရုံးတော်၊
ချွတ်ကယ်အောင် ဆောင်သတည်း။
Verse 3
ဘုရားမြတ်ကျေးဇူးကယ်တင်လမ်း၊ အလွန်ဖြောင့်တန်းလေ၏
တပါးအမျိုးသားများတို့အား တရားကိုပြလျက်ရှိ။
Verse 4
ကယ်ချွတ်သောကျေးဇူးတော်သတင်း၊ ခပ်သိမ်းလူမြင်သိကြား၊
မြေသားအပေါင်း ဘုရားဂုဏ်ကို သံပြိုင်အေးကျူးကုန်ပါ။ (အာမင်)