ကျေးဇူးတော်ကျူး

၁။ မြတ်ကျေးဇူးရှင် ယေရှုသခင်၊ ကယ်ချွတ်ခြင်းငှာ ကြွလာ၊

စိတ်ဝမ်းမြောက်ဖွယ် သံတော်မြတ်လျှင် ဖြစ်လေ၏၊ သာအယာ။

၂။ ကျွန်ုပ်တို့နားတါင် ထိုအသံအလွန်သာ ချိုလျက်ရှိ၊

စိတ်ပူပန်ခြင်း၊ ခပ်သိမ်းမျိုးရန် ဖျောက်နိုင်သော ဆေးဖြစ်၏။

၃။ အကျွန်ုပ်များ အပေါင်းတို့လည်း၊ အပြစ်များအားဖြင့်လျှင်၊

ငရဲမိုက်မှောင် တံခါးအနီး၊ အိပ်နေလျက်ပြစ်မမြင်။

၄။ မြတ်ကျေးဇူးတော်ဖြင့်သာ ခုတွင် ပြည်ကောင်းကင်ရောင်မြတ်လို၊

နေ့ရက်များကို မြင်ရအောင်လျှင်၊ ထမြောက်ရကုန်သည်ကို။

၅။ စိတ်ဝမ်းမြောက်ဖွယ်သော ထိုအသံ၊ မြေကြီးပြင်လုံး နှံ့ကျော်၊

ပြည်ကောင်းကင်ဘုံသားတို့ ကြော်ညံ၊ ချီးမွမ်းကြရွှင်အပျော်။