အပြစ်များသူ၏ မိတ်ဆွေကျူး

၁။ အပြစ်များသူ မိတ်ဆွေပြုသော အရှင်ယေရှုဘုရား၊

ကိုယ်တော်သာလျှင် မျှော်မြင်ရာ၊ ကျွန်ုပ်ကို အောက်မေ့ပါ။

၂။ မိန့်မြွက်ကတိတော်များ အောက်မေ့၊ ကရာနီကုန်းပေါ်မှာ၊

ခံဝေဒနာတော်များ ထောက်လျက်၊ ကျွန်ုပ်ကို အောက်မေ့ပါ။

၃။ ခမည်းတော် ရှေ့မဟာမှုဆောင်၊ ကိုယ်တော်ခြေရင်းကပ်၊

စိုးစံပလ္လင်တော်ပေါ်ထိုင်လျက်၊ ကျွန်ုပ်ကို အောက်မေ့ပါ။

၄။ အပြစ်ကြီးသူ ဝန်ချပါ၏၊ ကျေးဇူးတော်လည်း ကြီးပါ၊

ကြွယ်ဝကရုဏာတော်များနှင့်၊ ကျွန်ုပ်ကို အောက်မေ့ပါ။

၅။ မြေကြီးပေါ်တွင် ဘယ်သို့ ပစ်ထား၊ ဘယ်မျှဆင်းရဲခံရ၊

ဘယ်နှိပ်စက်ခြင်းခံရသော်လည်း၊ ကျွန်ုပ်ကို အောက်မေ့ပါ။

၆။ သေမင်းအရိပ် လွှမ်းမိုးလာသော်၊ မည်သူမျှ မနိုင်ရာ၊

အိုရွေးနုတ်ကယ်တင်သော အရှင်၊ ကျွန်ုပ်ကို အောက်မေ့ပါ။