သီချင်းသံကြားရသည်ကျူး

၁။ သီချင်းသံကြားရသည် ကောင်းကင်တွင် ကြယ်ပေါ်၏၊

ချစ်မိခင် ဆုတောင်းသံ၊ သူငယ်တော် သံနားစံ၊

ကြည်လင်လှပသော ကြယ်၊ မိုးကောင်းကင်တွင် စီချယ်၊

ကြောင်းမူကား ဗက်လင်မြို့တွင်၊ သူငယ်တော် ဖွားမြင်။

၂။ ရွှင်လန်းစိတ်များ အုံကြွ၊ အံ့ဘွယ်ဖွားမြင်ပြီးမှ၊

ပျိုကညာ ဝမ်းတွင် နေ၊ မိုးမြေအုပ်စိုးရှင်ပေ၊

ကြည်လင်လှပသော ကြယ်၊ မိုးကောင်းကင်တွင် စီချယ်၊

ကြောင်းမူကား ဗက်လင်မြို့တွင်၊ သူငယ်တော် ဖွားမြင်။

၃။ ထိုကြယ်တော်လမ်းပြရာ ကုန်မဆုံးတောက်ပရှာ၊

ထိုသီချင်းသံချိုသာ၊ ကမ္ဘာဝှမ်းလုံး ရောက်လာ၊

နေရာတိုင်းတွင် လှုပ်ရှား ကြည်လင်လှပတကား၊

ယေရှုရှင်ဘုရင် ဖြစ်ဆို၊ အုပ်စိုးသော အိမ်လို။

၄။ အလင်းတော်တွင် ရွှင်မြူးသီချင်းတုံ့ပြန်အေးကျူး

ညချိန်ခါ သီဆိုသံ၊ ကောင်းကင်သားများ ဆုပန်၊

ဝမ်းမြောက်ဖွယ်သတင်းကောင်း၊ ကျွန်ုပ်တို့ ပဲ့တင်ဆောင်၊

ကယ်တင်ပိုင်ရှင် ဘုရင်ကို ချီးမွမ်းလျက် သီဆို။ (အာမင်)