ကင်းစောင့်ကျူး

Verse 1

ကင်းစောင့်သူ အကြောင်းကြားပြော ညဉ့်ရိပ်ကား အဘယ်သို့နည်း၊

ခရီးသည် ထိုတောင်ထိပ်ပေါ် ထွန်းပသော ကြယ်လှကို ကြည့်၊

ကင်းစောင့်သူ ထိုလှရောင်ခြည် မျှော်လင့်ရန် ဖော်ပြသလော၊

ခရီးသည် ဝမ်းသာယာပေ၊ ဣသရေလ နေ့မျှော်လော့။

Verse 2

ကင်းစောင့် ညဉ့်ရိပ်ပြောပါဉီး ထိုလှကြယ်တက်လျက် နေ၏

ခရီးသည် မင်္ဂလာတရား ငြိမ်သက်ခြင်း နိမိတ်ဖြစ်သည်၊

ကင်းစောင့် ထိုလှကြယ် ရောင်ခြည် ပေါ်နေရာသာ လင်းစိမ့်လော့၊

ခရီးသည် ထာ၀ရထွန်း မြေပြင်လုံး လွှမ်းမိုးကြည့်လော့။

Verse 3

ကင်းစောင့် ညဉ့်ရိပ် ပြန်ပြောလေ၊ အရုဏ်တက်ဟန်ရှိတကား၊

ခရီးသည် မှောင်မိုက်လွင့်ပြေး၊ ယုံမှားခြင်း လုံးလုံးဆုတ်ခွါ၊

ကင်းစောင့် သင်လှည့်လည်ခြင်း ငြိမ်းနေ အိမ်သို့ အသာပြန်တော့၊

ခရီးသည် ငြိမ်သက်ခြင်း မင်း သားတော်ရှင် ကြွပြီးကြည့်လော့၊ (အာမင်)