ဂုဏ်တော်ကျူး

၁။ ကမ္ဘာမိုးမြေ ရှိလေသမျှ ပိုင်သအုပ်စိုးမြေမိုးသခင်၊

လောကုတ်ဘုရင် ဘုရားရှင်အား ကျွန်တို့ရှိခိုးပါမည် သခင်။

၂။ နေ့တိုင်းအစဉ် ကျွန်ုပ်တို့သည် ခံစားရသော ကျေးဇူးများကို

ကျွန်ုပ်တို့ ယခုချီးမွမ်းပါမည်၊ ဂုဏ်တော်ပေါင်းကို ဟာလေလုဆို။

၃။ ဘေးရန်အပေါင်း မကောင်းရောဂါ၊ ကွယ်ကာစောင့်မသော ကျေးဇူးကို

ကျွန်ုပ်တို့သည် ချီးမွမ်းထိုက်စွာ အာမင်အာမင် သီချင်းမြွက်ဆို။

၄။ သေမင်းအရိပ် မှောင်မိုက်ထဲတွင် ရှိနေကြသော ကျွန်ုပ်တို့ကို

လောကုတ္တရာ စကြာနေမင်း လင်းကျေးဇူးကို ချီးမွမ်းမြွက်ဆို။

၅။ ကျွန်ုပ် ယခုပြုသော ဝတ်များ လက်ခံတော်မူခြင်း ကျေးဇူးကို

နေ့တိုင်း အစဉ် ပေးတော်မူပါ၊ ကျေးဇူးတော်မကို သီချင်းမြွက်ဆို၊ (အာမင်)