ချီးမွမ်းကျူး

၁။ ချီးမွမ်းကြပါ၏ အိုခမည်းတော်မြတ်စွာ၊

ချစ်သားတော်စေလွှတ်၍ ခုထံတော်ပြန်သွား။

ထပ်ဆို

ဟာလေလုယ၊ ဘုန်းတော်ကြီးလှ၊ ဟာလေလုယ၊ အာမင်၊

ဘုန်းတန်ခိုးတော် ဆင်းသက်ပြပါ၊ သန့်ရှင်းသော ဝိညာဉ်။

၂။ ချီးမွမ်းကြပါ၏ ကိုယ်တော်ဝိညာဉ်တော်သည်

ထွန်းလင်း၍ ကယ်ချွတ်ရှင်ကို သိစေပါပြီ။

၃။ ငါတို့၏ ပြစ်ဒဏ်လုံးစုံများကို ခံသော

စင်ကြယ်စေ သိုးငယ်တော် ချီးမွမ်းကြကုန်လော့၊

၄။ ရွေးကောက်၍ ခေါ်မူ၊ ဘုန်းတန်ခိုးနှင့် ချွတ်သော၊

ဆုကျေးဇူးမျိုးမျိုးရှင် ချီးမွမ်းကြကုန်လော့။

၅။ ကျွန်ုပ်တို့ထဲသို့ ကိုယ်တော် မေတ္တာများစွာ

ထပ်သွင်းလျက် သွန်းလောင်း၍ ပြန်ပြုပြင်မူပါ။