စည်းဝေးဆုံးသီချင်း

၁။ ဝမ်းမြောက်ဖွယ်ရာ သတင်းတော်ကို ခု နေ့တွင် ကြားသည်မှာ၊

ရိုသေလေးမြတ်ခြင်း စိတ်များကို ပေးတော်မူပါ ဘုရား။

၂။ အဓိပ္ပါယ်ကျယ် အပွားများကို ရှင်းလင်းစွာ ဖွင့်ပြပါ၊

သန့်ရှင်းသော ဝိညာဉ်တော်မြတ်ကို ခု သွန်းလောင်းတော်မူပါ။

၃။ အသက်ရှင်းခြင်း တရားတော်ကို သိနားလည်ခိုလှုံရာ

ခပ်သိမ်းသော ပါရမီတို့ကို တိုးပွားစေတော်မူပါ။