တပည့်တော်တို့ ခံရသော အကျိုးကျေးဇူး

၁။ ယခုစုဝေးသော သူများကား၊ ဘယ်သို့သောသူ ဖြစ်ကြသနည်း၊

ဧမာနွေလ ခေါ်တော်မူခြင်း၊ ကျေးဇူးတော်ကို ခံသူပေတည်း။

၂။ ခံကြသော ဆုကျေးဇူးတော်ကား၊ အဘယ်မျှလောက် ကြီးမြတ်သနည်း၊

ကမ္ဘာဆက်ဆက် တည်နေသော မြတ်သော အသက်ချမ်းသာပေတည်း။

၃။ မြတ်သောအသက်ဆို ပြန်သည်ကား၊ အဘယ်အရာ ဆိုလိုအံ့နည်း၊

ကောင်းကင်ဘုံမှ ကြွလာသောသူ မြတ်ယေရှုကို ချစ်ခြင်းပေတည်း။

၄။ သခင်ယေရှု ငါတို့အရှင် နိစ္စအသက်ဖြစ်သည်မှန်လျှင်၊

အကြွင်းမဲ့ပင် ချစ်ခင်ကြပါ အိုသင်းဝင်သူ ညီအစ်ကိုများ။

၃၄ (က) တုန့်ပြန်ရန်ကျူး

သန့်ရှင်းသန့်ရှင်း ကောင်းကင်ဘုံရှင်

သန့်ရှင်းသန့်ရှင်း ကောင်းကင်ဘုံအရှင် သခင်