ကိုယ်တော်နှင့်အတူ ရှိပါစေသောကျူး
Verse 1
ပြန်၍ ကြုံတွေ့ကြရသည်တိုင်အောင် ကိုယ်တော်သင်နှင့်အတူ ရှိစေသော၊
သင့်ကို သွန်သင်လမ်းပြစောင့်မ သိုးခြံတွင် လုံခြုံစွာ သိမ်းစေသော
Chorus 1
ယေရှုရှင် ခြေတော်ရင်း၊ ပြန်၍ ကြုံတွေ့သည်တိုင်အောင်
ကိုယ်တော်ရှင် သင်တို့နှင့် စဉ်မပြတ်အတူ ရှိပါစေ
Verse 2
ပြန်၍ ကြုံတွေ့ကြရသည်တိုင်အောင် ကိုယ်တော်သင်နှင့်အတူ ရှိစေသော၊
အတောင်တော်မြတ် အောက်မှာ ကွယ်ကာ၊ နေ့စဉ်မန္နမုန့်ကို ပေးစေသော
Verse 3
ပြန်၍ ကြုံတွေ့ကြရသည်တိုင်အောင် ကိုယ်တော်သင်နှင့်အတူ ရှိစေသော၊
ဒုက္ခထူထပ်ကျရောက်သောခါ၊ လက်တော်ဖြင့် သင့်ကို ပိုက်ဖက်စေသော
Verse 4
ပြန်၍ ကြုံတွေ့ကြရသည်တိုင်အောင် ကိုယ်တော်သင်နှင့်အတူ ရှိစေသော၊
ချစ်ခြင်းအလံလွှင့်ထူစေလျက်၊ သေခြင်းလှိုင်းတံပိုးကို ငြိမ်စေသော