ကိုးကွယ်ဉီးကျူး

Verse 1

မြတ်ကျေးဇူးရှင် သခင်ယေရှု ရှေ့တော်မြတ်တွင် စုဝေးဝတ်ပြု

တရားနာအောင် ကျွန်ုပ်တို့သည် ခုလာရောက်ထိုင်နေ ကြပါပြီ

Verse 2

တရားသံကို ကောင်းစွာ နားထောင် သိကြား မှတ်ယူကြနိုင်ပါအောင်

သန့်ရှင်းမြတ်သော မဟာဝိညာဉ် သွန်းလောင်းချပေးပါ အိုသခင်

Verse 3

ယုံကြည် ချစ်မျှော်သော ပါရမီ ယုတ်ညိုးမနွမ်း လန်းရွှင်ထက်စဉ်

မြင့်ကြီးမြတ်အောင် မေတ္တာရေယာဉ်၊ ဆွတ်ဖျန်းတော်မူပါ အိုသခင်