ဂုဏ်တော်ချီးမွမ်းကျူး
၁။ ထံတော်မှ ကောင်းချီးခံရန် ကျွန်တို့ စုရုံးကြ
လိုတော်ကို သိ၍ မှီးရန် လျင်မြန်လမ်းပြ၊
ဆိုးသွမ်းသူတို့ ကွပ်နှိပ်ခြင်းမှ ခုလွတ်ခဲ့ပြီ၊
သိုးစုကို မမေ့၍ ထောမနာပြုမည်။
၂။ ရှေးမဆိမှ ရှင်တော်ဘုရား ထက်ကြပ်မြဲစောင့်
နိုင်ငံတော်တည်ရန် ကိုယ်တော် ပြုစုမှုကြောင့်၊
အနန္တတန်ခိုးဖြင့် စုံစမ်းမှု မျိုးမျိုးကို
အောင်မြင်ကုန်စင် လွတ်ကင်း ဘုန်းကြီးစေသတည်း။
၃။ အောင်ခြင်းသခင် လမ်းပြရှင်အား ချီးကျူးပါ၏
ခုတိုင်အောင် ကွယ်ကာရာ ရှင်ဖြစ်တော်မူပါ
သိုးစုတော်အား ဒုက္ခပေါင်းမှ စဉ်လွတ်စေပါ
ကိုယ်တော် နာမတော်အား ချီးမွမ်းကျူးအေးမည်။ (အာမင်)