ကိုးကွယ်သီးကျူး

၁။ အလွန်ကြီးမြတ်လှသော အစိန္တေယျ မြတ်စွာ

မြတ်ထာဝရ ဘုရားရှင် စော၊ ဆည်းကပ် ရှိခိုးကြပါ။

၂။ ကျေးဇူးရှင် ကြီးသားတော် ကယ်တင်တော်မူလေပြီ၊

ငါတို့အရှင်သခင် ယေရှု ကျေးဇူးကြီးလှပေသည်။

၃။ အလွန်သန့်ရှင်း မြတ်သော ဆုကျေးဇူးတော်အများ

ပေးသော မဟာဝိညာဉ်တော်ကို ရိုသေလေးမြတ် စေပါ။

၄။ ယခုစုဝေးကြသော ကျွန်ုပ်တို့ အပေါင်းအား

သန့်ရှင်းမြတ်သော ဆုကျေးဇူးတော် ပေးတော်မူပါ ဘုရား။ (အာမင်)