ထောမနာကျူး

၁။ မြတ်စွာ ဘုရားရှင်စော အတုမရှိ မပေါ်၊

ချီးမွမ်းကုန်လော့ ကိုယ်တော်ဘုရားမှန်လေ၊

ကိုးကွယ်ကိုးစားရာပေ၊ လူအပေါင်း မဆိုင်းမနှေး၊ ဝန်ခံပါစေ၊

၂။ ယေရှုမျက်နှာတော်မှာ ဘုန်းတော် ရောင်ခြည်ထွန်းရာ၊

မဟာမေတ္တာ ထိုမြတ်လှသော အလင်း သိစေသော

ဉာဏ်အလျင် မြေကြီး အစွန်းတိုင်လျှင် လွှတ်ပါ အရှင်။

၃။ ပြစ်ရှိသူ သတ္တဝါ ချွတ်တော်မူခြင်း မေတ္တာ၊

ဝန်ခံကုန်ကြ နာမတော်အား ရိုသေလေးမြတ်ဖွယ်၊

ရာြဖစ်စေ ကိုယ်တော်ဘုရား မှန်ပေ၊ ချီးမွမ်းကုန်လေ။