ကိုယ်တော်ကို ချီးမွမ်းကြလော့ကျူး

Verse 1

ချီးမွမ်း ချီးမွမ်း၊ ကျွန်ုပ်တို့၏ ကယ်တင်ပိုင်ရှင်

လူအပေါင်းတို့ မေတ္တာတော်ကို ကြွေးကြော်

ဘုန်းအာနုဘော် ကိုယ်တော်၌ ရှိစေသတည်းဟု

ကောင်းကင်တမန်မင်းများတို့ ပြောကြားလော့၊

သိုးထိန်းကဲ့သို့ ယေရှုသည် သူငယ်များကို

တစ်နေ့လုံး လက်တော်နှင့် ပွေ့လျက်ဆောင်၏၊

Chorus 1

ချီးမွမ်း၊ ချီးမွမ်း၊ ဂုဏ်သရေအကြောင်းကို ပြောပါ၊

ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ် သီချင်းဆို

Verse 2

ချီးမွမ်း ချီးမွမ်း ကျွန်ုပ်တို့၏ ကယ်တင်ပိုင်ရှင်၊

ကိုယ်တော်မြတ်သည် လက်ဝါးကပ်တိုင်ပေါ်မှာ၊

ကျွန်ုပ်တို့အပြစ်များကြောင့် ခံထိုက်သောဒဏ်ပင်၊

ခံတော်မူပြီ အမှန်ကယ်တော်မူ၏

ကျွန်ုပ်တို့၏ ဝမ်းနည်းခြင်းဆောင်တော်မူပြီ

မေတ္တာတော်ကို ချီးမွမ်း၍ မကုန်ပါ၊

Verse 3

ချီးမွမ်း၊ ချီးမွမ်း ကျွန်ုပ်တို့၏ ကယ်တင်ပိုင်ရှင်၊

ကောင်းကင်ဘုံမှာ နာမတော် ချီးမွမ်းကြ၊

သခင်ယေရှု စဉ်မပြတ်အုပ်စိုးတော်မူမည်၊

သရဖူကို ခေါင်းပေါ်မှာ ဆောင်း၏

ကိုယ်တော်ကြွလာရန် သူတို့ကို အောင်မြင်ခြင်းငှါ

ဘုန်းတန်ခိုးကိုယ်တော်၌ ရှိစေသတည်း၊