ထောမနာ သီချင်း

၁။ ဧကသခင် ဘုရားမြတ်ကို အစဉ်ချီးမွမ်းခြင်း ပြုကြလော့၊

သန့်ရှင်းသော နာမတော်မြတ်ကို အစဉ်ချီးမွမ်းခြင်း ပြုကြလော့။

၂။ ကျေးဇူးတော်ြမတ် အပေါင်းတို့ကို အစဉ်အောက်မေ့ ချီးမွမ်းကြလော့၊

အပြစ်ဖြေခြင်း အမှုတော်ကို ချီးမွမ်းထောမနာ ပြုကြလော့။

၃။ ရောဂါကင်းစေ တန်ခိုးတော်ကို အစဉ်အောက်မေ့ ချီးမွမ်းကြလော့၊

ပျက်စီးခြင်းမှ ရွေးခြင်းမှုကို ချီးမွမ်းထောမနာ ပြုကြလော့။

၄။ ခေါင်းကို ရစ်ပတ် ကရုဏာကို အစဉ်အောက်မေ့ ချီးမွမ်းကြလော့၊

ကောင်းစွာ ကျွေးသော ဘုရားမြတ်ကို ချီးမွမ်းထောမနာ ပြုကြလော့။

၅။ စိတ်အေးချမ်းသာခြင်းများ အတွက် အစဉ်ချီးမွမ်းခြင်း ပြုကြလော့၊

ဧကသခင် ဘုရားမြတ်ကို ချီးမွမ်းထောမနာ ပြုကြလော့။ (အာမင်)