ချီးမွမ်းခြင်းကျူး

၁။ ကောင်းကင်ဘုံရှင် ဘုရင်မြတ်အား ချီးမွမ်းကျူးရန် ချဉ်းကပ်ကြ။

ပြစ်လွှတ်၊ ရွေးနုတ်ကယ်တင်ရှင်အား၊ သံပြိုင်အေးကျူး ချီးမွမ်းကြ။

ချီးမွမ်း၊ ချီးမွမ်း၊ ချီးမွမ်း၊ ချီးမွမ်း ဘုရားရှင်အား ချီးမွမ်းကြ။

၂။ အနန္တမဟာကရုဏာ၊ ဒုက္ခစိတ်တွင် ကိန်းဝပ်ခါ၊

ကောင်းကြီးလျင်မြန်ပေးသော ရှင်အား၊ စဉ်မပြတ် ချီးမွမ်းကုန်ပါ။

ချီးမွမ်း၊ ချီးမွမ်း၊ ချီးမွမ်း၊ ချီးမွမ်း ဘုန်းတော်မြတ်ကို ချီးမွမ်းကြ။

၃။ ကောင်းကင်သားတို့ ကိုးကွယ်သည်နည်း၊ ကျွန်ုပ်တို့လည်း ဝတ်ပြုမည်။

ဝေနေယျ သတ္တဝါပေါင်းတို့ ဒူးထောက်လျက် ဦးညွှတ်ကြစို့။

ချီးမွမ်း၊ ချီးမွမ်း၊ ချီးမွမ်း၊ ချီးမွမ်း ကျေးဇူးတော်ကို ချီးမွမ်းဆို။ (အာမင်)