ကိုယ်တော်အပါး ချဉ်းကပ်ကျူး
Verse 1
ညနေချမ်းနေဝင်ချိန်အခါ၊ ကိုယ်တော်ပတ်လည် သူနာအများ၊
ဝိုင်းဝန်းတိုးဝှေ့ဆည်းကပ်ကြရာ၊ ရောဂါကင်းလျက် သွားကြရပါ
Verse 2
ကျွန်ုပ်တို့သည် ထိုသို့ပမာ ရောဂါအမျိုးမျိုးနှင့် ကပ်လာ၊
ကိုယ်တော်ကို မျက်မှောက်မရှုသာ၊ သို့သော် ကိုယ်တော်ရှိကြောင်း သိရ
Verse 3
ကိုယ်တော်မေတ္တာ တွေ့ကြသောခါ မေ့လျော့ကြပြီ အနာရောဂါ၊
အိုကယ်တင်ရှင် ကျွန်ုပ်တို့မှ ဆင်းရဲဒုက္ခ ကယ်ရှင်းမူပါ
Verse 4
ကိုယ်တော် လက်တော်နှင့် တို့မှပါ၊ ကိုယ်တော်အသံတော် လွန်သာယာ၊
ဤညနေချမ်းနေဝင်ချိန်ခါ၊ ကယ်မ ချမ်းသာပေးတော်မူပါ